Wednesday, June 08, 2011

Forever Young

ဟိုတနေ့က NTUC သွားရင်းနဲ့ ဒီ Forever Young သီချင်းသံလေးကို ပြန်ကြားခဲ့ရပါတယ်။ ရန်ကုန်မှာနေတုန်းကတော့ ဒီသီချင်းလေးကိုခဏခဏ ဖွင့်ပြီးနားထောင်ဖြစ်ပေမယ့် ဒီရောက်ပြီးမေ့နေခဲ့တာကြာပါပြီ။ ခုကြားပြီးမှ online မှာရှာပြီး ပြန်နားထောင်ဖြစ်တာပါ။ သီချင်းစာသားရော Alphaville ဆိုထားတဲ့အသံရော သံစဉ်ရောကို ကြိုက်ပါတယ်။ JAY-Z ပြန်ဆိုထားပေမယ့် Original အဆိုတော် German RockGroup Alphaville ဆိုထားတာကိုပဲ ပိုကြိုက်ပါတယ်။ ဒီသီချင်းလေးကို ၁၉၈၄ မှာ Release လုပ်ခဲ့တယ်လို့ Wikipedia မှာရှာဖတ်ရင်းတွေ့ရပါတယ်။ မထင်မှတ်ပဲ ကိုယ့်ထက်တောင် အသက်ပိုကြီးနေတဲ့ သီချင်းလေးဟာ ဒီလောက် နှစ်ပေါင်း နှစ်ဆယ်ကျော်အောင်ကို အောင်မြင် နေတာ နည်းနည်းနောနော အနုပညာ အရည်အသွေးတော့မဟုတ်ပါဘူး။

Official Music Video Link ကတော့ ဒီမှာပါ။ အဲ့ဒီ Video ကိုသိပ်မကြိုက်တာနဲ့ အဲဒါအစား ဒီ Video File လေး ကိုပဲတင်လိုက်ပါတယ်။ သီချင်းစာသားလေးပါတွဲကြည့်ပြီး နားထောင်နိုင်ပါတယ်။း)




Let’s dance in style, let’s dance for a while
Heaven can wait we’re only watching the skies
Hoping for the best but expecting the worst
Are you going to drop the bomb or not?
Let us die young or let us live forever
We don’t have the power but we never say never
Sitting in a sandpit, life is a short trip
The music’s for the sad men
Can you imagine when this race is won
Turn our golden faces into the sun
Praising our leaders we’re getting in tune
The music’s played by the madman

Forever young, I want to be forever young
Do you really want to live forever, forever forever
Forever young, I want to be forever young
Do you really want to live forever
Forever young

Some are like water, some are like the heat
Some are a melody and some are the beat
Sooner or later they all will be gone
Why don’t they stay young
It’s so hard to get old without a cause
I don’t want to perish like a fading horse
Youth is like diamonds in the sun
And diamonds are forever
So many adventures couldn’t happen today
So many songs we forgot to play
So many dreams are swinging out of the blue
We let them come true

Forever young, I want to be forever young
Do you really want to live forever, forever forever
Forever young, I want to be forever young
Do you really want to live forever, forever forever
Forever young, I want to be forever young
Do you really want to live forever, forever forever
Forever young, I want to be forever

Monday, June 06, 2011

Without You

 

အကြိုက်ဆုံး သီချင်းတွေထဲက တစ်ပုဒ် ပါ။ Hinder ဆိုထားတာပါ။ သရုပ်ဆောင်ထားတဲ့ မင်းသား ရော မင်းသမီး ရောကို ကြိုက်သလို ရိုးရိုးလေး ရိုက်ထားတဲ့ သီချင်း နောက်ခံဇာတ်လမ်းကိုလဲကြိုက်ပါတယ်။ မကြာမကြာသွားကြည့်မိတဲ့ Youtube Video Clip လေးဖြစ်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်တာလေးတွေကိုမှတ်တမ်းတင်ထားမယ်လို့ အစထဲကရည်ရွယ်ထားတဲ့အတွက် ဘာရယ်မဟုတ်ဘူး Blog မှာတင်ထားလိုက်တာပါ။ နောက်ကြာလို့ ပြန်ကြည့်တဲ့အခါမှာလဲ ကြိုက်ချင်မှလဲကြိုက်မယ်။ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားတဲ့အခါမှပြန်ကြည့်ရင် ဪ...အရင်ကငါကြိုက်တဲ့ သီချင်းလေးပါလား.. ဆိုပြီး ပြန်သတိရရတာကို ကြိုက်ပါတယ်။

Geylang သို့ ပထမဆုံး ခြေလှမ်း ငါးဆယ်

မနေ့က Arbuti ကို ငယ်နိုင်သူငယ်ချင်း များဖြစ်သော C Cow  နှင့် Barbu တို့ နှစ်ယောက်က (ဘယ်သူက ဘယ်သူ့ကိုနိုင်တယ်တာ့ မသိပါဘူး။ သူတို့ကနိုင်လိုက် ကိုကနိုင်လိုက်နဲ့) Mustafa မှာ ညနေစာသွားစားဖို့မဲဆွယ်တာနဲ့ Arbuti လဲ အိမ်မှာ ကိုယ်တိုင်စိတ်တိုင်းကျ ချက်ပြုတ်ထားတဲ့ ငံငံမာမာ ဝက်သားဟင်းကိုပစ်ပြီး နှစ်ခါမစဉ်းစားပဲ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ကစောစောစီးစီး ဖုန်းမဆက်ပဲ ညနေငါးနာရီကျော်မှထဖုန်းဆက်တော့ ဒီကလူက ရေမိုးချိုးသနပ်ခါးအဖွေးသား(ဘဲကြား) နဲ့ ဖြစ်နေပြီ။ ကဲမထူးပါဘူးလေဆိုပြီး အဲအတိုင်းပဲ ထထွက်လာခဲ့ပါတယ်။

သွားစားကြမှာက Gandhi Restaurant ဆိုတဲ့ဆိုင်ပါ။ အဲဆိုင်နဲ့ပတ်သက်ပြီး  ကြော်ငြာလေး နဲနဲ လောက်ဝင်ချင်ပါတယ်။ ကိုယ့်ထမင်းကိုစားပြီး ကြော်ငြာရမှာပါ။ စင်ကာပူမှာ စားဖူးတဲ့ကုလားဆိုင်တွေထဲမှာတော့ ဒီဆိုင်က Arbuti တို့အကြိုက်ဆုံးစာရင်းထဲမှာ ပါပါတယ် (ခုချိန်ထိ)။ ဈေးကလဲ သင့်တင့်သလို အရသာလဲကောင်းပါတဲ့အပြင် အဝစားဆိုင်ဖြစ်လို့ အတော်လေးသဘောကျစရာကောင်းပါတယ်။ ပြီးတော့ ငှက်ပျောဖက်နဲ့ စားရတာကိုလဲ ခုတလောမှာ နှစ်ခြိုက်နေပါတယ်။ ဒါကြောင့် မကြာမကြာ သွားစားဖြစ်ပါတယ်။ ဒီဆိုင်ကို ပထမဦးဆုံး မိတ်ဆက်ပေးတာကတော့ ချစ်သူငယ်ချင်းကြီး Barbu ပဲဖြစ်ပါတယ်။ ဆိတ်သား၊ ကြက်သား၊ ဒံပေါက် နဲ့ တိုရှည် တို့စားလို့ကောင်းပါတယ်။ ဆိုင်ထဲရောက်တာနဲ့ မနားတန်းအော်တောင်းတာကတော့ ဒါး(လ) ဒါး(လ) လို့အော်ရတဲ့ ပဲဟင်းပဲဖြစ်ပါတယ်။ (C Cowဆိုပါးစပ်ကိုမပိတ်ဘူး တ ဒါး(လ)  ဒါး(လ) နဲ့။ ) ကုလားစာကြိုက်လို့စားချင်ရင်တော့ သွား try သင့်တဲ့ဆိုင်ပါ။ ( မကြိုက်ရင်တော့ တာဝန်မယူဘူးနော် :D)

ကဲကြော်ငြာလဲပြီးပြီ ဆိုတော့ ခရီးဆက်ပါ့ရစေ။ ဆက်မယ်ဆိုရင်တော့ အိမ်နောက်က 23 ကိုစီးပြီးလာလိုက်တာ ဆင်းမည့်မှတ်တိုင်လဲရောက်ရော Arbuti တို့ ပျော်ရွှင်ပြီးဆင်းပြီပေါ့။ စားရတော့မှာကိုး....... အဲဆင်းလဲဆင်းလိုက်ရော နည်းတဲ့ ဦးကားကား တွေမဟုတ်ပါလား (စားချင်ဇောနဲ့လာလိုက်တာ တနင်္ဂနွေနေ့ဆိုတာကို မေ့သွားတယ်။ တနင်္ဂနွေနေ့ဆိုရင် Mustafa ဟာခြေချစရာနေရာကို မရှိသလောက်ရှားပါတာပါ။) နဂိုထဲက လူစိမ်းတွေဆိုကြောက်တတ်ပါဘိနဲ့၊ ခုတော့ ဘယ်ကြည့်လိုက်ကြည့်လိုက် မည်းမည်း မည်းမည်း (ညအမှောင် ထဲမှာဆိုတော့လေး)) လုံးလုံး လုံးလုံး နဲ့ဆိုတော့ ကိုကို လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဆိုင်ကိုအမြန်ချီတက်ရတာပေါ့။ ဘာမှတော့မဖြစ်ပါဘူး နဂိုထဲကကြောက်တတ်လို့ပါ။

ဆိုင်ရောက်တော့ ကြက်ဥတိုရှည် ကိုရွေးချယ်လိုက်ပါတယ်။ တိုရှည်ကို ကြိုက်ပေမယ့် သကြားနဲ့ပဲ စားတတ်တာကတော့ Arbuti အကျင့်ပါ။ အော်ဒါနဲ့ဒီဆိုင်က TEA ကလဲရှယ်ကောင်းပဲ။ အားလုံးမှာပြီးမှ ဟိုနှစ်ကောင်က ရောက်တော်မူပါတယ်။ ဒါနဲ့လေးရောက်သားစားကြသောက်ကြပြီး Mustafa ဆက်ဒိုးကြဖို့ သဘောတူလိုက်ကြပါတယ်။ အင်း Mustafa ကအကြောင်းကို ကကြီးကနေအအထိ ရေးရင် အရင်ဆုံး  complain တက်မှာကတော့ Barbu မပဲဖြစ်မှာမို့ လျှိုသင့်တာကို လျှိုထားလိုက်ပါ့မယ်။(းP ) Mustafa ကို မကြာမကြာ ရောက်ပေမယ့် အဲကပစ္စည်း ဝယ်ဖို့ကို အပြင်းအထန် အနီးကပ် တိုက်ခတ်နေသူရှိတာကြောင့် ဘာကိုမှ ဟုတ်တိပတ်တိ မဝယ်ဖူးသေးပါဘူး။ ဈေးသက်သာတာကတော့ အမှန်ပဲ။

ဈေးကိုဦးတည်ရာမဲ့ ပတ်နေရင်း ရသတဏှာ ပြန်ထလာတာနဲ့ ဒူးရင်းသီးသွားစားဖို့ကို Arbuti ကပဲစလို့ ဆန္ဒမဲပေးလိုက်ရာ ကန့်ကွက်မဲမရှိ လေးရောက်သား Geylang ကို ရထား သုံးဆင့် ပြောင်းစီးပြီး ကိုချီတတ်ခဲ့ပါတော့တယ်။  (ရထား မစီးမီ Taxi ငှါးဖို့ကြိုးစားပါသေးတယ်။ ဘယ်လိုမှ ငှါးလို့မရတဲ့အဆုံး ရထားကို ပတ်စီးလိုက်တာ ဘက်မှားသွားလို့ တဆင့်တောင်ပိုသွားသေးတယ်။) Geylang မှာ ဒူးရင်းသီးဆိုင် အမြောက်အမြားကို အရင် ရုံးအဆင်း 51 စီးတိုင်းမြင်နေကျဆိုတော့ သွားရည်ကျတာကြာနေပါပြီ။ ခုမှပဲ ကျဖော်ကျဖတ် တွေနဲ့လာစားဖြစ်ပါတော့တယ်။  စိတ်တိုင်းကျရပါတယ်။ ဒူးရင်းသီးတွေဟာ အင်မတန်ချိုပြီး အရသာရှိတာကြောင့် စားလိုက်ရတာ ကျေနပ်မှူအပြည့် ရရှိစေပါတယ်။ (ဟီးဟီး အစားငမ်းတာက ဘယ်လောက်ပေါ်လွင်လဲဆိုတော့)။  ဒူးရင်းသီးကို ငါးလုံး ငါးဆယ်ဖိုး ဝယ် လေးရောက်သား ပေပွနေအောင် စားသောက်ပြီး ညသန်းခေါင် ၁၂ ခွဲ ကျော်မှအိမ်ပြန်ရောက်ပါတယ်။ ဒါကြောင့်လဲ ဒီနေ့ အမ်ချီ ဖြစ်နေတာပေါ့ ခွီးခွီး။ အင်း ပထမဆုံးအကြိမ် Geylang သွားရတာ ကျေနပ်မှူ အပြည့် ရခဲ့တယ်လို့ နိဂုံးချုပ်ရမှာပါး)။ (မှတ်ချက် - ဒူးရင်းသီး စားရတာပြောပါတယ်)


ဓာတ်ပုံကောင်းကောင်းရိုက်တတ်အောင်လေ့ကျင့်ရဦးမှာပဲ..... `_`

ခေတ်မီသူတိုင်း Blog ရေးကြသည်။

ခေတ်မီသူတိုင်း Blog ရေးကြသည်။

Arbuti လဲ ခေတ်မီသူပီပီ Blog ရေးပါပြီ။
အဲလိုမထင်ပါနဲ့။ Arbuti ဆိုတာ အင်မတန် ခြေစော့လက်စော့ နိုင်သကိုး။
ဟိုဟာဆိုလဲစမ်းချင်  ဒီဟာဆိုလဲ စမ်းချင်နဲ့ (မှတ်ချက် - စမ်းဆိုသည်မှာ စမ်းသပ်ချင်သည့် သဘော)  ခုမှ မီးကောင်ပေါက်အရွယ်ဆိုတော့ (:P) စမ်းသပ်ချင် လုပ်ကြည့်ချင်တာတွေက အများသား။ :D
ခုလဲ သူများတွေက blog ရေးကြ ဓာတ်ပုံတွေတင်ကြ နဲ့ဆိုတော့ အားကျလာတာနဲ့ ကဲလာလေ့ ဆိုပြီး အလကားရတဲ့ ဒီ blog လေးမှာပဲ ရေးချင်ရာရေး တွေးသမျှရေးမယ်ဟေ့ဆိုတဲ့ စိတ်ကူးကိုအကောင်အထည် ဖော်ထားခြင်းသက်သက်သာဖြစ်ပါတယ်။
မတော်တစများ မျက်စိလည်လမ်းမှားလို့ ဒီ blog ကိုရောက်ခဲ့မယ်ဆိုရင် အမြင်မတော်တာ ကို့ရို့ကားရား နိုင်လှတဲ့အရေးအသားတွေအတွက် ကြိုတင် တောင်းပန်အပ်ပါတယ်။
အမြင်မတော်တာ ကို့ရို့ကားရား နိုင်တာဆိုလို့ တခြားတော့မဟုတ်ပါဘူး ကိုယ်ပိုင် ဒိုင်ယာရီ တစ်အုပ်လိုသဘောထား စိတ်ထင်တိုင်းကြဲထားမှာဖြစ်တဲ့အတွက်ပါ။
ခုတော့ ဗိုက်ကလဲ အတော်စာ နေ့လည် တစ်နာရီကလဲ ခွဲတော့မှာမို့ ပထမဦးဆုံး ဦးဦးဖျားဖျား POST ကိုဒီလိုလေးပဲ တင်လိုက်ပါရစေ။  (Post ကလဲ တင်ချင်လှပြီဆိုတော့လေ)
Related Posts Plugin for WordPress, Blogger...