သွားစားကြမှာက Gandhi Restaurant ဆိုတဲ့ဆိုင်ပါ။ အဲဆိုင်နဲ့ပတ်သက်ပြီး ကြော်ငြာလေး နဲနဲ လောက်ဝင်ချင်ပါတယ်။ ကိုယ့်ထမင်းကိုစားပြီး ကြော်ငြာရမှာပါ။ စင်ကာပူမှာ စားဖူးတဲ့ကုလားဆိုင်တွေထဲမှာတော့ ဒီဆိုင်က Arbuti တို့အကြိုက်ဆုံးစာရင်းထဲမှာ ပါပါတယ် (ခုချိန်ထိ)။ ဈေးကလဲ သင့်တင့်သလို အရသာလဲကောင်းပါတဲ့အပြင် အဝစားဆိုင်ဖြစ်လို့ အတော်လေးသဘောကျစရာကောင်းပါတယ်။ ပြီးတော့ ငှက်ပျောဖက်နဲ့ စားရတာကိုလဲ ခုတလောမှာ နှစ်ခြိုက်နေပါတယ်။ ဒါကြောင့် မကြာမကြာ သွားစားဖြစ်ပါတယ်။ ဒီဆိုင်ကို ပထမဦးဆုံး မိတ်ဆက်ပေးတာကတော့ ချစ်သူငယ်ချင်းကြီး Barbu ပဲဖြစ်ပါတယ်။ ဆိတ်သား၊ ကြက်သား၊ ဒံပေါက် နဲ့ တိုရှည် တို့စားလို့ကောင်းပါတယ်။ ဆိုင်ထဲရောက်တာနဲ့ မနားတန်းအော်တောင်းတာကတော့ ဒါး(လ) ဒါး(လ) လို့အော်ရတဲ့ ပဲဟင်းပဲဖြစ်ပါတယ်။ (C Cowဆိုပါးစပ်ကိုမပိတ်ဘူး တ ဒါး(လ) ဒါး(လ) နဲ့။ ) ကုလားစာကြိုက်လို့စားချင်ရင်တော့ သွား try သင့်တဲ့ဆိုင်ပါ။ ( မကြိုက်ရင်တော့ တာဝန်မယူဘူးနော် :D)
ကဲကြော်ငြာလဲပြီးပြီ ဆိုတော့ ခရီးဆက်ပါ့ရစေ။ ဆက်မယ်ဆိုရင်တော့ အိမ်နောက်က 23 ကိုစီးပြီးလာလိုက်တာ ဆင်းမည့်မှတ်တိုင်လဲရောက်ရော Arbuti တို့ ပျော်ရွှင်ပြီးဆင်းပြီပေါ့။ စားရတော့မှာကိုး....... အဲဆင်းလဲဆင်းလိုက်ရော နည်းတဲ့ ဦးကားကား တွေမဟုတ်ပါလား (စားချင်ဇောနဲ့လာလိုက်တာ တနင်္ဂနွေနေ့ဆိုတာကို မေ့သွားတယ်။ တနင်္ဂနွေနေ့ဆိုရင် Mustafa ဟာခြေချစရာနေရာကို မရှိသလောက်ရှားပါတာပါ။) နဂိုထဲက လူစိမ်းတွေဆိုကြောက်တတ်ပါဘိနဲ့၊ ခုတော့ ဘယ်ကြည့်လိုက်ကြည့်လိုက် မည်းမည်း မည်းမည်း (ညအမှောင် ထဲမှာဆိုတော့လေး)) လုံးလုံး လုံးလုံး နဲ့ဆိုတော့ ကိုကို လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဆိုင်ကိုအမြန်ချီတက်ရတာပေါ့။ ဘာမှတော့မဖြစ်ပါဘူး နဂိုထဲကကြောက်တတ်လို့ပါ။
ဆိုင်ရောက်တော့ ကြက်ဥတိုရှည် ကိုရွေးချယ်လိုက်ပါတယ်။ တိုရှည်ကို ကြိုက်ပေမယ့် သကြားနဲ့ပဲ စားတတ်တာကတော့ Arbuti အကျင့်ပါ။ အော်ဒါနဲ့ဒီဆိုင်က TEA ကလဲရှယ်ကောင်းပဲ။ အားလုံးမှာပြီးမှ ဟိုနှစ်ကောင်က ရောက်တော်မူပါတယ်။ ဒါနဲ့လေးရောက်သားစားကြသောက်ကြပြီး Mustafa ဆက်ဒိုးကြဖို့ သဘောတူလိုက်ကြပါတယ်။ အင်း Mustafa ကအကြောင်းကို ကကြီးကနေအအထိ ရေးရင် အရင်ဆုံး complain တက်မှာကတော့ Barbu မပဲဖြစ်မှာမို့ လျှိုသင့်တာကို လျှိုထားလိုက်ပါ့မယ်။(းP ) Mustafa ကို မကြာမကြာ ရောက်ပေမယ့် အဲကပစ္စည်း ဝယ်ဖို့ကို အပြင်းအထန် အနီးကပ် တိုက်ခတ်နေသူရှိတာကြောင့် ဘာကိုမှ ဟုတ်တိပတ်တိ မဝယ်ဖူးသေးပါဘူး။ ဈေးသက်သာတာကတော့ အမှန်ပဲ။
ဈေးကိုဦးတည်ရာမဲ့ ပတ်နေရင်း ရသတဏှာ ပြန်ထလာတာနဲ့ ဒူးရင်းသီးသွားစားဖို့ကို Arbuti ကပဲစလို့ ဆန္ဒမဲပေးလိုက်ရာ ကန့်ကွက်မဲမရှိ လေးရောက်သား Geylang ကို ရထား သုံးဆင့် ပြောင်းစီးပြီး ကိုချီတတ်ခဲ့ပါတော့တယ်။ (ရထား မစီးမီ Taxi ငှါးဖို့ကြိုးစားပါသေးတယ်။ ဘယ်လိုမှ ငှါးလို့မရတဲ့အဆုံး ရထားကို ပတ်စီးလိုက်တာ ဘက်မှားသွားလို့ တဆင့်တောင်ပိုသွားသေးတယ်။) Geylang မှာ ဒူးရင်းသီးဆိုင် အမြောက်အမြားကို အရင် ရုံးအဆင်း 51 စီးတိုင်းမြင်နေကျဆိုတော့ သွားရည်ကျတာကြာနေပါပြီ။ ခုမှပဲ ကျဖော်ကျဖတ် တွေနဲ့လာစားဖြစ်ပါတော့တယ်။ စိတ်တိုင်းကျရပါတယ်။ ဒူးရင်းသီးတွေဟာ အင်မတန်ချိုပြီး အရသာရှိတာကြောင့် စားလိုက်ရတာ ကျေနပ်မှူအပြည့် ရရှိစေပါတယ်။ (ဟီးဟီး အစားငမ်းတာက ဘယ်လောက်ပေါ်လွင်လဲဆိုတော့)။ ဒူးရင်းသီးကို ငါးလုံး ငါးဆယ်ဖိုး ဝယ် လေးရောက်သား ပေပွနေအောင် စားသောက်ပြီး ညသန်းခေါင် ၁၂ ခွဲ ကျော်မှအိမ်ပြန်ရောက်ပါတယ်။ ဒါကြောင့်လဲ ဒီနေ့ အမ်ချီ ဖြစ်နေတာပေါ့ ခွီးခွီး။ အင်း ပထမဆုံးအကြိမ် Geylang သွားရတာ ကျေနပ်မှူ အပြည့် ရခဲ့တယ်လို့ နိဂုံးချုပ်ရမှာပါး)။ (မှတ်ချက် - ဒူးရင်းသီး စားရတာပြောပါတယ်)
No comments:
Post a Comment