Thursday, July 28, 2011

ရင်ခုန်သံကို ဘာသာပြန်မည် - တစ်

ထိုနေ့က "သူမ" မျက်ရည်တို့ သူမထံမှ ခွင့်ပြူချက် မတောင်းပဲ မိုးစက်တို့နှင့် ခုန်ပေါက်ထွက်ကစားခဲ့ကြသည်။
 
(၁)

ဪ ခက်ပါပြီ သူမ၏ကားရှေ့တွင် ကားတစ်စီး အလိုက်ကန်းဆိုးမသိ ပိတ်၍ရပ်ထားပြန်ပြီ။ သူမသည် ထိုသို့ လာ၍ ပိတ်ရပ်ထားလျှင် အင်မတန် ဒေါသဖြစ်တတ်သည်။ သို့နှင့် ပါကင်ကြေးယူ၍ ဘာတစ်ခွန်းမှ မပြောရကောင်းလား ဆိုပြီး ပါကင်စောင့်အား လှမ်းခေါ်ကာ ကားပိုင်ရှင်ကို ခုချက်ချင်း ကားလာရွှေ့ပေးဖို့ ပြောရန် ဟောက်မိလေသည်။ ထိုသူငယ်သည် (ပါကင်စောင့်မှာ ကျောင်းသားအရွယ်လေးသာ ရှိသေးသည်။ ထို့ကြောင့် သူငယ်ဟု သုံးနှုန်းခြင်းဖြစ်ပါသည်။ ဝမ်းရေးတစ်ထွာအတွက် ပညာရေးဘက် မလှည့်နိုင်သော လူငယ်လူရွယ်များမှာ မြန်မာပြည်တွင် စိတ်မကောင်းစရာ အမြောက်အမြား ရှိပါသည်။)  ပျာပျာသလဲပင်

"ခဏလေးနော် အမ၊ ဟိုးကအကိုကြီး ရပ်သွားတာ။ ကျွန်တော်သွားပြောလိုက်ပါ့မယ်။"

ဟုပြောဆိုရင်းပင် ပြေးလွှားသွားလေသည်။ သူမပင် ဘာစကားတစ်ခွန်းမှ မဟနိုင်ပဲ သူညွှန်ရာ အရပ်သို့ ခေါင်းလှည့်ကြည့်မိသည်။ သူမ ခဏလောက် လောကကြီး နှင့် အဆက်အသွယ်ပြတ် သွားသလား အောက် မေ့ရသည်။ သူမ လှမ်းကြည့်မိသော နေရာသည် သူမအား ညှို့ယူ ဖမ်းစား ထားလိုက်သည်။ သူမ ထံသို့ ပြန်လှည့်ကြည့်ကာ သူ့လက်ကြားမှ စီးကရက်တိုကို ပစ်ချ၍ ခြေဖြားထိပ် (ရှူးဖိနပ်) ထိပ်လေးနှင့် နင်းခြေလိုက်သောအချိန်တွင် သူနင်းခြေလိုက်သော စီးကရက်နှင့် အတူ သူမ၏ ထွက်နေသော ဒေါသ ပါသွားသည်။ ထို့နောက် တစ်လှမ်းချင်း သူမထံသို့ ဦးတည် နင်းလျှောက်လာသော သူ့ခြေလှမ်းတွေသည် သူမရင်ခုန်သံကို အမြန်နှုန်း တစ်ရာအထက်ရောက်အောင် တွန်းတင်ပေးလိုက်သည်။ သူမရှေ့အရောက်တွင်

"ဆောရီးပါဗျာ။ ခုနက ပါကင်ယူစရာ တစ်နေရာမှမရှိလို့ ဟိုဘက်က ပါကင်စောင့်တစ်ယောက်ကို မှာပြီး ဒီမှာရပ်ခဲ့တာပါ။ လိုအပ်ရင် တွန်းဖယ်နိုင်အောင် ဂီယာတောင် ဖရီး ထားခဲ့ပါတယ်။"

ချိုသာသော အသံ နှင့် စူးရှသော မျက်လုံးအစုံသည် သူမ၏ အပြုံးကို နှုတ်ချွေ သွားလေသည်။ သူမရုတ်တရက် ဘာပြန်ပြောရမှန်း မသိ ပြုံးရုံဖြင့်သာ တုန့်ပြန်ရုံ ရှိသေးသည် ထိုသူက

"ကိုယ် ဒီနေရာပြန်ယူမယ် ညီလေး တစ်ချက်လောက် ကြည့်ပေးကွာ"

ဟုပြောပြောဆိုဆို ပင် သူ့ကားဆီသို့ တက်သွားလေသည်။ ထိုအချိန်မှ သူမလဲ ခက်သွက်သွက်ပင် ကားပေါ်တက်ကာ မောင်းထွက်ရသည်။ ပါကင်သမားက တားထားသော ကားတန်းပင် အတော်ရှည်နေပြီဖြစ်သည်။ ကားရှုပ်တာကို မုန်းသဖြင့် သင်တန်းကိုတောင် မနက်အစောဆုံး အချိန်ကိုယူထားဖြစ်သည်။ ဒါပေမယ့်အပြန်မှာတော့ ကိုးနာရီထိုးပြီဖြစ်သောကြောင့် ဘယ်လိုမှရှောင်လွှဲ၍မရ။ သင်တန်းနေရာမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ဆိပ်ကမ်းသာလမ်း (လွစ်လမ်း) ကြား၊ ကမ်းနားလမ်းပေါ် တွင်ရှိသော "British Council"  ဖြစ်သည်။ ထို့ကြောင့် ကားပါကင်ကို ဗိုလ်အောင်ကျော်လမ်းတွင် ရရင်ယူ ဒါမှမဟုတ် ဆိပ်ကမ်းသာလမ်း (လွစ်လမ်း) တွင်သွားယူရသည်။ နှစ်လမ်းစလုံးကတော့ သူမသာကိုယ်မသာပင်။ ကားထွက်လာသည်ထိ ထိုသူအား ( ထိုသူ့ ကားဆို ပိုမှန်ပါလိမ့်မည်။) ဘတ်မှန်မှ တစ်ဆင့် ကြည့်ဖြစ်သည်။ ပြီးစိတ်ထဲမှလဲ တွေး၍ ရီချင်မိသည်။

"ငါကြိုက်တဲ့ ကိုရီယားမင်းသားနဲ့ အတော်တူတာပဲ။ ဒီမှာပဲ သင်တန်းတက် နေတာဖြစ်နိုင်တယ်။"

ထိုသို့တွေးမိသော အတွေးနှင့်အတူ သူ့ပုံရိပ်သည် သူမအား နောက်တစ်ကြိမ် ဆုံနိုင်ခွင့်ကို မျှော်ရင်း လွှမ်းမိုးထားတော့သည်။ မိနစ်ပိုင်းသာရှိသော ထိုခဏတွင် သူ့ကိုရော သူ့ကားကိုရော သူဆေးလိပ် ရပ်သောက်သည့် ထိုနေရာလေးကိုရော အားလုံးကို သူမ မှတ်မိနေသည်။ နောက်နေ့မနက် သင်တန်းတက်ရန် နိုးထလာချိန်မှစ၍ သူမရင်ခုန်သံ Abnormal ဖြစ်ခဲ့သည်။ သူမ ကိုယ်တိုင်သည်လည်း ဒီရင်ခုန်သံကို ပြန်ငုံ့ကြည့်ရန် အဆင်သင့် အနေအထားတွင် ရှိနှင့်ပြီးသားဖြစ်သည်။

(၂)

အတန်းဆင်းလို့ လမ်းထောင့်ကို (ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ကို) တံခါးဝမှ လှမ်းကြည့်လိုက်ရင်ပဲ သူ့ကို မြင်ရပါသည်။ သူသည် စီးကရက်ကို အလွန်ကြိုက်ပုံရသည်။ အတန်းမတက်မီ ဇိမ်ပြေနပြေသောက်နေတာများ။ သူမ သည်လည်း သူ့အား အလွန်နှစ်သက်မြတ်နိုးမိနေပြီဖြစ်သည်။ ဒီလောက် စီးကရက် ၊ ဆေးလိပ်သောက်ခြင်း ကိုမုန်းသောသူမက သူ့အားဒီအချိန် ခိုးခိုးကြည့်၍ ရင်ခုန်နေသည်ဆိုသည်မှာ တော်ရုံတန်ရုံ စွဲလမ်းမှူတော့ မဟုတ်ပါ။ ဒီလိုနှင့်သင်တန်းရက်တိုင်း သူမကပဲ သတိထားကြည့်မိလို့လားမသိ တစ်ရက်မှမပျက်ပဲ ကိုရွှေမင်းသားကို ဖူးမြော်ရပါသည်။ တစ်ခါတစ်လေ ကားထဲမှာ တိတ်တိတ်လေး ထိုင်ကာ သူ သင်တန်းဘက်ဆီကို လျှောက်သွားသည် အထိ ကားမထွက်ပဲ မိန်းကလေး တန်မဲ့ လိုက်ငမ်းမိပါသည်။ ရံဖန်ရံခါ မျက်လုံးချင်းဆုံကာ ရင်ခုန်သံချင်း အပေးအယူ လုပ်ခဲ့ပါသေးသည်။ ကိုယ်တော်သည် မိန်းကလေးက မစမချင်း စမည့်ပုံမပေါ်ပါ။ တည်ကြည်လွန်းနေတာပဲလား ၊ ဒါမှမဟုတ် ကြောက်တတ်လွန်းတာပဲလား မပြောတတ်။ သို့ပေမယ့် သူ့မျက်လုံးများသည် ထူးခြားစွာ လင်းလက်၍ သူလည်းပဲ ဂနာမငြိမ် ဟိုလှည့်ဒီလှည့်နှင့် သူမအားခိုးခိုး ကြည့်နေသည်မှာ ထင်ရှားပါသည်။ အမှတ်မထင် သူ့အလှည့်နှင့် သူမအကြည့်များဆုံရင် နှစ်ယောက်သား ရှိုးတိုးရှန့်တံ့ ပြုံးမိကြသေးသည်။ ပြုံးပြသည် ဟူ၍လည်း မဟုတ်။ ရီတော့ ရီရပါသည်။

သင်တန်းကာလမှာ သိပ်ကြာရှည်လှသည် မဟုတ်ပါ။ ဘယ်အတွက်ကြောင့်များ သူမကို ညင်းဆဲထားသည်မသိ။ သူမမှာ နဂိုထဲက စောင့်စားရခြင်း မျှော်လင့်ရခြင်းတွေကို စိတ်ရှည်သည်းခံတတ်သူ မဟုတ်။ ခုဆို ပိုဆိုးပြီ။ သူမ တစ်ခါမှ ဒီလို လူတစ်ယောက်အပေါ် မစွဲလမ်းခဲ့ဖူးပါ။ သူမ အတွက်ကသေချာနေပြီ။ သူ့အား တိတ်တခိုး ရိုးသားစွာ ချစ်မိနေပါပြီ။ သူလည်းပဲ သူမအား စိတ်ဝင်စားနေသည်ဆိုမှာ မိန်းကလေးတို့သဘာဝ ရိပ်မိသိရှိထားပြီး ဖြစ်သည်။ သူမ၏ တင်းမာခက်ထန်သော မျက်နှာကြောများကိုလည်း သူနှင့်တွေ့လျှင် တတ်နိုင်သမျှရှော့ချထားသည်။ သူမဘက်မှ ဒီထက်ပို၍ ဘာများ လုပ်နိုင်ဦးမည်နည်း။ သူမ သေချာအောင် တစ်နေ့သူမ၏ ကားကို ရပ်နေကြနေရာများတွင် မရပ်ပဲနှင့် ဆိပ်ကမ်းသာလမ်း (လွစ်လမ်း) တွင်ရပ်၍ သူကိုစောင့်ကာ သူမမြင်အောင် ခိုးကြည့်ဖူးပါသည်။ ထိုနေ့က သူ ဗိုလ်အောင်ကျော်လမ်းထိပ် တစ်လျှောက် သူမကားရပ်နေကျနေရာမှ ကားတွေကိုသေချာကြည့်ကာ စီးကရက်ပင် တစ်လိပ်မှ မဖွာပဲ သင်တန်းပေါ်ပြေးတက်သွားသည်ကို ရင်ခုန်လှိုက်ဖိုစွာ ကြည့်ရင်း ကြည်နူးပီတိဖြစ်ရပါသည်။

"သေချာပါတယ် သူ ငါ့ကားမရှိလို့ တက်သွားတာ။ ဒါဆို အရင်က တမင် တဝဲလည်လည် လုပ်နေတာပဲ ဖြစ်မယ်"

သူမမှာ ဘယ်လိုလုပ်ရမှန်း မသိအောင် ဦးနှောက်ခြောက်နေပြီ။ သူမကပဲ စ၍ ပြောရတော့မလား။ ဖုန်းနံပါတ်လေး သင်တန်း အကြောင်းလေးများ လာမေးပါတော့လားကွယ်။ စိတ်မရှည်ခြင်းများစွာနှင့် နွေရာသီ၏ ပူအိုက်ခြင်းနှင့်အတူ သူမ၏စိတ်တွေလဲ အလိုမကျခြင်းတွေ ဖြစ်ရပါတော့သည်။

(၃)

ထိုနေ့က သင်တန်းမှ ထွက်လာတော့ အပြင်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေသည်။ နွေရာသီတွင် အမှတ်မထင် ရွာချလိုက်သော မိုးကြောင့် လမ်းပေါ်တွင်လူရှင်းနေသည်။ ပြေးသောသူများကလည်း နီးစပ်ရာ အမိုးအောက် သင်တန်း အတွင်း စသည်ဖြင့် ပြေးလွှား ဝင်ရောက် မိုးခိုနေကြသည်။ သူမ အတွက်ကတော့ မိုးသည် သူမနှင့် သူမ မင်းသားတို့ တွေ့ဆုံခြင်းကို တားဆီးလေပြီ ဟုထင်မိသည်။ သို့နှင့် သူ မရှိသော လမ်းထောင့်လေးကို ငေးရင်း ကားဆီသို့ စာအုပ်မိုးကာ ပြေးလာလိုက်သည်။ ကားထဲတွင် ထီးအမြဲထည့်ထားပေမယ့် သင်တန်းအတက်တုန်းက မိုးမရွာလို့ ထားခဲ့သည်။

ကားပေါ်ရောက်လျှင်ဖြင့် မိုးအား အလိုမကျစွာ ကြည့်ရင်း စိုရွှဲနေသော မိမိကိုယ်ကို လက်ဖြင့် သပ်နေရသောကြောင့် ကားချက်ချင်း မထွက်ဖြစ်ပေ။

“ဒီအချိန်လေးမှာ သူနှင့်တွေ့နေကြ၊ ခုတော့ မိုးကရွာတော့ ဒီနေ့အဖို့ သူမ လွမ်းရပေတော့မည်”

ဟုတွေးရင်း အလိုလို ဆွေးမိသည်။ ထို့ဖြင့် ကားထွက်ရန် ခေါင်းမော့ကာ ဘေးဘီ ဝဲကြည့်လိုက်သည်တွင်

"အလို ကိုယ်တော်လေးပါလား မတွေ့တော့ဘူးထင်တာ။" 

ဟုတ်ပါသည် သူမကားဘေး လွတ်နေသော နေရာတွင် ပါကင် ယူပြီး ကားတံခါးဖွင့်ကာ သူလည်းပဲ မိုးကို စိတ်ပျက်လက်ပျက် ကြည့်နေလေသည်။ သူ့အကြည့်ကို သူမ နားလည်ပါသည်။ သို့နှင့် ဘာမှစဉ်းစား မနေနိုင်တော့ပဲ ကားထဲမှ သူမ ၏ ထီးလေးအား ယူကာ သူ့ကိုပေးရန် မိုးရေထဲသို့ သူမ တစ်ဖန် လှမ်းလျှောက်လာခဲ့ပါသည်။ သူသည်လည်း စာအုပ်လေးများ ခေါင်းပေါ်မိုးကာ အပြေးကလေး ထွက်သွားသည်မို့ တော်တော် လေးလှမ်းနေပြီဖြစ်သည်။

"ဒီမှာ ဒီမှာ သင်တန်းတတ်မို့မလား ပြေးရင် စိုရွှဲပြီး အထဲမှာလဲ Aircon နဲ့အရမ်းချမ်းနေလိမ့် မယ်၊ ကျွန်မ ထီးယူသွားပါ။"

သူမ အပြေးလိုက်ကာ ခေါ်ရင်း သူမ၏ မင်းသားအား မိုးစက်တို့ ထံမှ ကာကွယ်လိုက်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူ ၊ သူမ တို့နှစ်သား ထီးတစ်ချောင်းအောက် တွင်နီးကပ်စွာ ရပ်နေချိန်တွင် သူ့နှုတ်ဖြားတွေ စွံ့အ နေသကဲ့သို့ သူမသည် လဲ အတန်ငယ် တိတ်ဆိတ် သွားခဲ့ သည်။ ထို့နောက် သူက

"ဟို....  ရပါတယ်ခင်ဗျာ အားနာစရာ ကျွန်တော် မယူတော့ပါဘူး။"

ဟု ချစ်စဖွယ် ငြင်းဆိုသည်။ သို့ဖြင့် “ယူပါ ၊ မယူပါရစေနှင် “့ တို့ အသွားအပြန် လုပ်နေချိန်တွင် သူသည် ခဏတာ တွေဝေ သွားပြီး ရုတ်တရက် ဘာကို သဘောပေါက်သွားသည် မသိ

"ဒါဆို.. ကျွန်တော် ..နောက်နေ့မှ ပြန်ပေးမယ်နော်"

ဟုဆိုကာ သူမ ထီးကို ယူ၍ ပြေးလေသည်။ ထီးပါသည် ကိုပင် သူမနှင့် တော်တော် လှမ်းသည်အထိ အလောတကော ရှက်ကိုးရှက်ကန်း ပြေးသွားသော သူ့ ကိုကြည့်၍ သူမ ပြုံးမိလေသည်။

"ဟွန်း သူကပဲ ရှက်ရတယ် ရှိသေးတော်။ ဒီက မိန်းကလေးကို ပြီးတော့ ကားပေါ်တောင် ထီးလေး မိုးလို့ ပြန်လိုက်ပို့မသွားဘူး။ ကိုရွှေထုံရယ်"

ဟု ရေရွတ်ကာ သူလမ်းလေး ချိုးလို့ပျောက်ကွယ် သွားသည် အထိ မမှိတ်မသုံ ရပ်ကြည့်နေမိသည်။ ကြည်ပြာရောင် ကောင်းကင်အောက် အမြဲတွေ့နေရသော သူမ၏ ရွှေမင်းသားအား သဘာဝ တရားက ထိုကောင်းကင်ကို မပေးသောအခါ သူမက မိုးလို့ပေးလိုက်ပါသည်။ ခုတော့ သူမ ၏ ထီးပြာပြာ အမိုးအောက်တွင် သူသည် မိုးစက်တို့ရန်မှ ကင်းဝေး၍ အေးချမ်းတည်ငြိမ်စွာ ဣဒြေ္နရှိရှိ လှမ်းလျှောက်သွားသည် မှာ သူမ ဘဝင် အေးမြလှသည်။ ဘဝင်တင်မဟုတ် လူကိုယ်တိုင်ပင် အတော်အေးလှပြီ။ သူမရပ် ကြည့်နေသည်မှာ မိုးစက်တို့ အောက်တွင် ဖြစ်၍ ကားဆီသို့ အမြန်ပြန်လာခဲ့သည်။

လူတွေ ဒီမိုးကို "သင်္ကြန်မိုး" လို့ သတ်မှတ်ချင် သတ်မှတ်ပေလိမ့် မည်။ သူမ အတွက် တော့ "မြားနတ်မောင် မိုး" ဟု သတ်မှတ်ထားပါသည်။ သူ့ ရင်ခုန်သံ ကို သူမ ကြားသလို ဘာသာပြန် ကြည့်သည်။ သူမ တို့ ရင်ခုန်သံ တွေ ထပ်တူညီ သည်ဟု သူ့ မျက်လုံးကို သက်သေတည် ကာ မှတ်ချက်ချ မိသည်။
သူမ စိတ်ကူးယဉ်ကြည့်သည် သူ ထီးကို ပြန်လာပေး လျှင် ဘာတွေ ပြောကြမည်။ သူ့ အတွက် ရေလာမြောင်းပေး လုပ်ပေးထားသလိုများ ဖြစ်နေမလား။ အမှန်တော့ ဟုတ်ပါသည်၊ သူမ ဒီမျှ လမ်းခင်းပေးထားမှ ပဲ သူ့ လို လူအ လေး အတွက် အဆင်ပြေ ပါလိမ့်မည်။ သင်တန်း ဖြစ်သည့် အတွက် တစ်ပတ် ခုနှစ်ရက်တက်ရခြင်း မဟုတ်ပေ။  သူမ မှာ သင်တန်း မတက်ရ သောနေ့များတွင် သူနှင့် ခဏတာ နီးစပ်ခဲ့ သော အချိန်လေး ကို ပြန်လှန် စဉ်းစား သည့် အလုပ် တစ်ခုကိုသာ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖြစ်သည်။

(၄)

သူမ ဒီနေ့ တစ်နေ့လုံး ဘယ်မှသွားစရာမရှိပါ။ အရင် သူနှင့် မတွေ့ခင် သူမ ပျင်းရင် ဘာလုပ်ပါသလဲ။ သင်တန်းပိတ်ရက်တွေ သူမ ဘာလုပ်ပါသလဲ။ ဘယ်တွေကို သွားလို့ ဘယ်သူတွေနဲ့ တွေ့ပါသလဲ။ တစ်နေ့တစ်နေ့  နှစ်ဆယ့်လေးနာရီကို သူမ ဘယ်လို ကုန်ဆုံး စေပါသလဲ။ သူမ ဘာကိုမှ မမှတ်မိတော့ပါ။ သည်းမခံနိုင်တော့သည့် အဆုံး သူမ အပြင်သို့ ထွက်ခဲ့ ပါသည်။ သူမ ဦးတည်ရာ သည် သင်တန်းတည်ရှိရာ သို့ဖြစ်ပါသည်။ ဒီနေ့ သူမတို့ သင်တန်းချိန် မရှိပါ။ ဒါပေမယ့် သူမ ရည်ရွယ်ချက်က Library တွင် စာအုပ် ဖတ်ရန်ဖြစ်ပါသည်။ သူမ အတွေးက သူ့သင်တန်းတက်ရက် နှင့် သူမသင်တန်းတက်ရက် အားလုံး မတူနိုင်ပါ။ သူမ သင်တန်းတက် တဲ့နေ့တိုင်း သူ့ကိုတွေ့ရပါသည်။ သူလာသည့် အချိန်သည် သူမ အတန်း ပြီး ချိန်ဖြစ်သည်။ ထို့ကြောင့် အရင်က သူဘာတန်း တက်တာလဲ သိချင်စိတ်ဖြင့် သူမ အတန်းချိန်တွေ ကြည့်ဖူးသည်။ တချို့နေ့များတွင် သိသိသာသာ သူမ အတန်းဆင်းချိန်ပြီးလျှင် မည်သည့် အတန်းမှ မရှိတော့။ ထို့ကြောင့် သူမ ထင်မိသည်မှာ သူ့အတန်း ချိန် အပြင် သူမ ရှိ၍ ဒီသင်တန်းသို့ တခြားရက်တွေကိုပါ သူလာခြင်းဖြစ်နိုင်သည်။ ဒီနေ့ သူမ ကံကောင်းလျှင် သူ့အား တွေ့ချင်တွေ့နိုင်သည်။မတွေ့ရင်လည်း အနည်းဆုံး စိတ်ပြေလက်ပျောက် အလွမ်းဖြေ နိုင်သည်။ သူမ အတွက် အရာရာသည် အကောင်းအတိုင်း အရှိအတိုင်း လှပနေသည်။ ကြည်လင်သော ကောင်းကင်ကိုမော့၍ သူမ ပြုံးပြမိသည်။ ကောင်းကင် ကြီးလဲ သူ့ဘာသာသူ သူမ အပြုံးကို ဘာသာ ပြန်ပါလိမ့်မည်။

သူမ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် စိတ်အေးလက်အေး ဖတ်နေသည်မှာ လေးနာရီ လောက် ကြာသွားပြီ ဖြစ်သည်။ မနက်ထဲမှ ထွက်လာ၍ နေ့လည်စာချိန် တောင်လွန်နေပြီ။ ဖုန်းထုတ်၍ ကြည့်မိသောအခါ သူမ အိမ်မှ အကြိမ်ကြိမ် ခေါ်ထားသည့် missed call များတွေ့ရသည်။ ( Library ထဲတွင် ဖုန်းကို အသံပိတ်ထားရသဖြင့် သူမ သတိမထားမိခဲ့။)
“အပြင်မှာ မိုးတွေရွာနေပါလား။”

သူမ တွင် ထီးမရှိ။ သို့သော် ပြန်မှဖြစ်မည်။ သူမ အလျှင်စလိုပင် အပြင်ဘက်တွင် အပ်ခဲ့သော ပစ္စည်းများ ရွေးကာ ထွက်ခဲ့သည်။ အမှတ်မထင် တံခါးဝတွင် သူမ၏ ထီးပြာပြာ။

“ဟယ် သူရှိတယ်။ အတော်ပဲ မိုးရွာနေတာနဲ့”

သူမ အပြေးကလေး ထွက်လာမိသည်။ ဗိုလ်အောင်ကျော်လမ်းဘက်သို့ ပင်ဦးတည်၍ သူမ၏ မင်းသားကို ရှာနေမိသည်။

“တွေ့လိုက်ပါတယ် ဘယ် ရောက်သွားပါလိမ့်”

တစ်ကိုယ်ရည် တီးတိုးရေရွတ်ရင်း..... သူမ ခန္ဒာကိုယ်သည် ဦးနှောက်၏ စေခိုင်းချက်ဖြင့် နောက်ဘက်သို့ တစ်ချက်လှည့်ကြည့်စဉ်... သူမ၏ ရွှေမင်းသား သူမ ပေးလိုက်သော အမိုးပြာပြာ ထီးလေး အောက်တွင် သူ၏ ရွှေမင်းသမီးလေးနှင့် မိုးစက်တို့ ရန်မှ ကင်းဝေးစွာ ဣဒြေ္နရှိရှိ လှမ်းလျှောက် သွားသည်ကို တွေ့လိုက်ရချိန်တွင် သူမ၏ မျက်ရည်စက်များသည် သူမခွင့်ပြူချက် မပါပဲ မိုးစက်တို့နှင့် အတူ ခုန်ပေါက်အားပေးခဲ့ကြသည်။

သူမ တိတ်တခိုး ဝင်ရောက်၍ သူ၏ ရင်ခုန်သံကို မတူညီသော ဘာသာစကားနှင့် ဘာသာပြန်မိခဲ့သည်။

ရင်ခုန်သံကို ဘာသာပြန်မည် - နှစ် ကို ဤနေရာတွင် ဆက်လက်၍ ဖတ်ရှူနိုင်ပါသည်။

ပုံကို ဤနေရာ မှ ယူပါသည် ။

Tuesday, July 26, 2011

ကျွန်မ ဖြုန်းမိခဲ့သည်။

တင်းဂွေ က စိတ်ပေါက်ပေါက်နဲ့ညနေသုံးနာရီမှ ဘီဒို ထရှင်းဖြစ်လိုက်ပါတယ်။ အဲမှာပဲ စိတ်မချမ်းသာစရာ တွန့်တိုစရာ နှမြောစရာ ဒေါမနသဖြစ်စရာတွေ ဆိုတာအလုံးလိုက်အရင်းလိုက်ကိုပေါ်လာပါတော့တယ်။ တကယ်ပါ။ တနေ့တနေ့ ရုံးတက်ရင်ဖြစ်ဖြစ် အပြင်သွားရင်ဖြစ်ဖြစ် ထုတ်ဝတ်လိုက်ရင် ဒီပုပ်ထဲကဒီပဲပဲ။ တခါတလေများဘာဝတ်လို့ဝတ်ရမှန်းကို မသိပါဘူး။ အဲနေ့ကရှင်းတော့ ထွက်လာလိုက်တဲ့ အကျီင်္တွေဆိုတာ စတိုးဆိုင် ဖွင့် လာ့(စ) အိုင်တမ် ပါဆိုပြီး တထည်ချင်းပြန်ရောင်းလို့ရတယ်။ ဝယ်ထားလိုက်တာ အဖေပြောသလို ပြောရရင် (အဖေက အပြင်ကပြန်လာလို့ ရှော့ပင်းထွက်ကပြန်လာလို့ လက်ထဲမှာ အထုပ်တွေများရင် 'သမီး ထီများပေါက်လာသလားဆိုပြီး' မေးလေ့ရှိပါတယ်။ ) ခုလဲ ထီများပေါက်မိလို့လားလို့ ပြန်စဉ်းစားရမလိုတောင် ဖြစ်နေပါပြီ။ ကိုယ့်ဟာကို ဝယ်ထားတာ ဖြစ်နေလို့ပေါ့။ ညီမတယောက်ယောက် များဒီလိုဝယ်ထားပြီး ဂျောင်ထိုးထားမဝတ်ပဲ အလဟသသိမ်းထားတာဆို ဘယ်ပြောကောင်းမလဲ အကြီးအာဏာသုံးပြီး နှစ်ချက်လောက် တီးလိုက်ပြီ။ ခက်တာက တီးချင်စိတ်သာရှိတာပါ အငယ်မရှိတာခက်တယ်။ :) ထားပါလေ။

ဘီဒိုရှင်းပြီး စိတ်ကိုယတိပြတ် ဆုံးဖြတ်လိုက်တယ်။ မဝတ်တော့တဲ့ အကျီတွေကို ဒီအတိုင်း ဂျောင်ထိုးထားမဲ့တူတူ ရှင်းထုတ်ပစ်လိုက်မယ် ဆိုပြီး ကျွတ်ကျွတ်အိတ်တွေနဲ့ထည့်လိုတဲ့သူကိုပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ထွက်လာတာကတော့ ကျွတ်ကျွတ်အိတ် အကြီးစား ဆန်တအိပ်စာမရှိတရှိ အထုပ်တထုပ်ရယ် အသေးတထုပ်ရယ်ပါ။ ဒါတောင် တော်တော်ကျန်ပါသေးတယ်။ လူ့စိတ် သံယောဇဉ်ဆိုတာကလဲ အခက်သားပဲ အသုံးမလိုတဲ့ ဒီသက်မဲ့အရာတွေကိုတောင် ကိုယ့်ပစ္စည်းဖြစ်ဖူးတဲ့စိတ်နဲ့ တစ်ချိန်ချိန်မှာများ ပြန်လိုဦးမလားဆိုပြီး ဘီဒိုနှစ်ထပ်စာလောက် မပစ်ရက်ပဲ ချန်ထားခဲသေးတယ်။ တကယ်တော့ ဒီပိုက်ဆံတွေဆိုတာ မနက်မိုးလင်းတိုင်း မထချင်ထချင်နဲ့ ကြုံးရုန်းထ တစ်နေ့တစ်နေ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါပြီး သူများစီးပွါးရေး တိုးတက်ရာတိုးတက်ကြောင်း သွားရောက်ဝိုင်းကူလုပ်ပေး တန်ဖိုးရှိတဲ့အချိန်တွေကိုရင်းလို့ ပြန်ရလာတဲ့ ချွေးနည်းစာတွေပါ။ ဒါတွေကို ငါဘာလို့များ ဖြုန်းမိပါလိမ့်။  





အဝတ်အစားတွေကို သေချာပြန်ကြည့်ပြီး နောက်တစ်ချက်သိလိုက်ရတာတော့ ဒီနှစ်နှစ် သုံးနှစ်အတွင်းမှာပဲ အစိုးမရတဲ့ ခန္ဒာကြီးဟာသိသိသာသာ အသားပိုတွေပိုထွက်လာပါလားလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ဝကြောင်းကို လက်ခံလိုက်ရပါတော့တယ်။

ဒီတော့ ဘီဒိုလဲရှင်းရင်း စိတ်ကိုလဲရှင်းရင်းကပဲ နောက်ထပ်ရှင်းစရာတစ်ခုကျန်သေးတာကိုပါ ရှင်းပစ်ရမယ်။ အဲဒါကတော့ ဒီမလိုအပ်ပဲ တက်လာတဲ့ အဆီပိုအသားပိုတွေကိုပါ ရှင်းထုတ်ပစ်ဖို့ပါပဲ။ အရင်စလုံးရောက်ခါစက ကိုယ်လုံးကိုယ်ပေါက်လောက် ပြန်ရအောင်ကို မနည်းအားတင်းပြီးကြိုးစားရဦးမှာပါ။

နောက်များတော့ ဘာပဲဖြစ်ဖြစ် မလိုအပ်ပဲ ကိုယ့်ဆီမှာလာပုံ မနေအောင် သတိ ဝီရိယထားပြီး ရှောင်ကြဉ်ရပါမယ်။ ပိုလာမှရှင်းပစ်ရတာလဲ အင်မတန်ခက်ခဲတဲ့ ကိစ္စ ဆိုတာ ခုတော့ကောင်းကောင်းကြီး သဘောပေါက်သွားပါကြောင်း။ :(

Sunday, July 24, 2011

Next To You


You got that smile
That only heaven can make
I'll pray to God Every Day
That you keep that smile

Yeah, you are my dream
There's not a thing I won't do
I'll give my life up for you
'Cause you are my dream

And, baby, everything that I have is yours
You will never go cold or hungry
I'll be there when you're insecure
Let you know that you're always lovely, girl
'Cause you are the only thing that I got right now

One day when the sky is fallin'
I'll be standing right next to you, right next to you
Nothing will ever come between us
'Cause I'll be standing right next to you, right next to you

If you had my child
You wold make my life complete
Just to have your eyes on little me
That'd be mine forever

And, baby, everything that I have is yours
You will never go cold or hungry
I'll be there when you're insecure
Let you know that you're always lovely, girl
'Cause you are the only thing that I got right now

One day when the sky is fallin'
I'll be standing right next to you, right next to you.
Nothing will ever come between us
I'll be standing right next to you, right next to you

We're made for one another, me and you
And I have no fear, I know we'll make it through
One day when the sky is fallin'
I'll be standing right next to you, whoa

One day when the sky is fallin'
I'll be standing right next to you, right next to you
Nothing will ever come between us\
I'll be standing right next to you, right next to you

Stand by my side, side, side
When the sky falls down
I'll be there, I'll be there

You've go that smile
That only heaven can make
I pray to God every day
To keep you forever, oh

ဒါကတော့ ခုတလောမှာ အကြိုက်ဆုံးနဲ့ နားထောင်ဖြစ်ဆုံး သီချင်းလေးပါ။ စာသားရော တီးလုံးရော ဆိုထားသူနှစ်ယောက်လုံးကိုရော ဒီသီချင်းမှာ ကြိုက်ပါတယ်။ မကြိုက်တာကတော့ ဗီဒီယို ကလစ် ရိုက်ထားပုံနဲ့ အင်ထရို ကိုပါ။ မိုးပြိုပါတယ် ဆိုမှ ဟိုကလေးကလဲ တိုက်ပေါ်တက်ကနေပါသေးတယ်။ o_O

အာဘုတီ ဝက်သက်ပေါက်နေသည်

ဘလော့ မဝင်တာလဲ ကြာပြီ အကြောင်းကတော့ပျင်းနေတာနဲ့ဘာဆိုဘာမှရည်ရည်လည်လည် မလုပ်ဖြစ်ပါဘူး။ တနေ့တနေ့ ရေတောင်မနည်းချိုးနေရတာ။ ဒီကြားထဲ ဝက်သက်ကလဲပေါက်သေးတယ်။ သိပ်စိတ်ညစ်တာပဲ အသက်ကြီးမှပြန်ပေါက်ရတယ်လို့။ ငယ်ငယ်တုန်းကလဲ တခါ အသေအလဲ ပေါက်ပြီးသားကို။ မှတ်မှတ်ရရ ဂတုံးတောင်တုန်း လိုက်ရသေးတယ်။  ခေါင်းတွေထဲအထိပေါက်လို့။ ခုတော့အဲလောက်လဲ မများပါဘူး။ အဖျားကလဲအဲတုန်းကလောက်မကြီးဘူး။ စလုံးက ဆရာဝန်တွေကလဲ သဘောတော့ကောင်းရှာပါတယ်။ တကယ်နေမကောင်းမှန်းသိတော့ အမ်စီကို သုံးရက် နှစ်ခါ ခွဲပေးတယ်။ ဒါနဲ့ပျော်ပျော်ကြီးပဲ အမ်စီတွေကို ကျေကျေနပ်နပ်ကြီး ယူပြီးဇိမ်ခံနေတယ် ဆိုပါတော့။

ပြီးခဲတဲ့စနေနေ့ထဲကပေါက်လိုက်တာ ဖြစ်ချင်တော့ အကောင်တကောင်ကောင် စော်လိုက်တယ်ထင်ပြီး ကုပ်ကောင်းကောင်းနဲ့ ကုပ်နေခဲတယ်။ တင်္နလာ အဂါင်္ တောင်ရုံးသွားပြီး ပျင်းလိုက်သေးတယ်။ ဗုဒ္ဓဟူးနေ့မနက်ရောက်တော့ ရုံးရောက်တာနဲ့ ချိုင်းနားက တလုပ်တကောင်က သူ့ကို SIT Testing လုပ်ခိုင်းတာ System အကြောင်း ဘာဆိုဘာမှမသိပဲ လာရစ်နေတာနဲ့ စိတ်တွေရှုပ်စိတ်တွေညစ် ဘုတွေလဲပိုယားလာသလိုခံစားရတယ်။ ဒါနဲ့ပဲ ရုံးကဆေးခန်းမပိတ်ခင် (ရုံးကဆေးခန်းက ၁၂ နာရီဆိုပိတ်ပြီ) အမြန်လေးလစ်ပြေးလာပြီး ဆရာဝန်နဲ့ပြတော့ ဆရာဝန်ကလဲ ဒါ chicken pox ဖြစ်နိုင်တယ် ဆိုပြီး အမြန်အိမ်ကိုပြန်ခိုင်းပါတယ်။ အဲအချိန်မှာ အဖျားကလဲ ရှိနေတယ်တဲ့ အံ့ပါ့ အရင် နည်းနည်းပါးပါးများ ဖျားချင်နာချင်ရင်တောင် သူမတူအောင်ငြီးတတ်တဲ့သူမှာ ဖျားနာနေတာမသိဘူးဆိုတာ တသက်မှာတခါ ကြုံတောင့်ကြုံခဲပါ။ လက်ရှိအခြေအနေ အရဒါအကောင်းဆုံးပဲဆိုပြီး အဲတုန်းကတော့ ရတဲ့အမ်စီလေးကိုင်ပြီး မန်နေဂျာသွားပြတာပေါ့။ မန်နေဂျာကလဲ သူ့ကူးမှာစိုးလို့လာမသိပါဘူး။ အဖုနီနီတွေ မြင်တယ်ဆိုတာနဲ့ အမ်စီတွေဘာတွေမလိုပါဘူး။ လိုသလောက် အိမ်မှာနေ အိမ်ကနေ အလုပ်လုပ်နိုင်တယ် ဆိုပြီး ပြောတော့တာပဲ။ ကြုံကြုံသမျ ဝမ်းသာစရာတွေကြည့်လိုကိုဖစ်နေတော့တာပဲ ဟီးဟီး။

အဲအစက ယားရုံယားတာဆရာဝန် ပေးတဲ့ဆေးသောက်ပြီးမှ အိပ်ယာပေါ် ဘုန်းဘုန်းလဲတာကလဲ စဉ်းစားစရာ။ ခုတော့ အဖျားလဲကျ အယားလဲပြေသလောက်တော့ ရှိနေပါပြီ။  စိတ်ညစ်စရာကခုမှစမှာပါ။ ပစ်ထားခဲတဲ့ အလုပ်တွေကလဲ တောင်လိုယာလိုပုံနေပါပြီ။ ထွက်ထားတဲ့ အနီဘုတွေ နေရာမှာလဲ အမည်းဘုတွေအဖြစ် အသွင်ပြောင်းချင်နေပါပြီ။ နဂိုထဲကမှ မဖြူတဲ့အသား ခုတော့ အညိုစက်အမည်းစက်တွေနဲ့ ရုပ်ဆိုးတော့မှာပဲ တွေးရင်းနဲ့တောင်ငိုချင်လာမိတယ် ဟင့်။ ဒါ့အပြင် အာဘုတီ အာဘုတီ ရိုက်ချင်စရာလေးပါ။ ဒီလောက် စနေ တင်းဂွေ အပါအဝင် ကိုးရက်လောက် အိမ်မှာနားနေရတာကို တစ်နေ့တစ်နေ့ နှစ်ဆယ်လေးနားရီ ကိုဘယ်လိုများသုံးပစ်လဲ ကိုယ့်ဟာကိုတောင် အံ့ဩတယ်။ ဘီဒိုလေးရှင်းမယ် အခန်းလေးရှင်းမယ် မှန်တင်ခုံလေးရှင်းမယ် စာလေးဖတ်မယ် စာလေးရေးမယ် နဲ့ချိန်လိုက်တာတော့စုံနေတာပဲ ပြီးတော့လဲ အချိန်တွေသာကုန်သွားတယ်။ ဘာမှလဲ မလုပ်ဖြစ်ဘူး။ သေချာပါတယ်။ အပျင်းရောဂါကတော့ ကြီးမားစွာစွဲကပ်နေပါပြီ။ ဪတခုတော့ လုပ်ဖြစ်ပါတယ်။ ဒါကလဲ အချစ်တော် ကိုကိုဒီ အကူအညီနဲ့ အိုင်ဖုန်း ဂျေးဘရိတ် ဗာရှင်းအသစ် တင်ပြီး အသေထိုင်စော့ချင်း အလုပ်ပါပဲ။ ပြီးတော့ ဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့ ကိုယ့်မျက်နှာကို ဓာတ်ပုံ ရိုက် ဖရိန် ထဲ့ နဲ့ အမျိုးမျိုး စော့နေခြင်းပါပဲ။ စော့ထားတဲ့ပုံ ဘလော့မှာတင်ရင်ကောင်းမလား စဉ်းစားလိုက်ပါဦးမယ်။  :D
Related Posts Plugin for WordPress, Blogger...