Monday, June 06, 2011

ခေတ်မီသူတိုင်း Blog ရေးကြသည်။

ခေတ်မီသူတိုင်း Blog ရေးကြသည်။

Arbuti လဲ ခေတ်မီသူပီပီ Blog ရေးပါပြီ။
အဲလိုမထင်ပါနဲ့။ Arbuti ဆိုတာ အင်မတန် ခြေစော့လက်စော့ နိုင်သကိုး။
ဟိုဟာဆိုလဲစမ်းချင်  ဒီဟာဆိုလဲ စမ်းချင်နဲ့ (မှတ်ချက် - စမ်းဆိုသည်မှာ စမ်းသပ်ချင်သည့် သဘော)  ခုမှ မီးကောင်ပေါက်အရွယ်ဆိုတော့ (:P) စမ်းသပ်ချင် လုပ်ကြည့်ချင်တာတွေက အများသား။ :D
ခုလဲ သူများတွေက blog ရေးကြ ဓာတ်ပုံတွေတင်ကြ နဲ့ဆိုတော့ အားကျလာတာနဲ့ ကဲလာလေ့ ဆိုပြီး အလကားရတဲ့ ဒီ blog လေးမှာပဲ ရေးချင်ရာရေး တွေးသမျှရေးမယ်ဟေ့ဆိုတဲ့ စိတ်ကူးကိုအကောင်အထည် ဖော်ထားခြင်းသက်သက်သာဖြစ်ပါတယ်။
မတော်တစများ မျက်စိလည်လမ်းမှားလို့ ဒီ blog ကိုရောက်ခဲ့မယ်ဆိုရင် အမြင်မတော်တာ ကို့ရို့ကားရား နိုင်လှတဲ့အရေးအသားတွေအတွက် ကြိုတင် တောင်းပန်အပ်ပါတယ်။
အမြင်မတော်တာ ကို့ရို့ကားရား နိုင်တာဆိုလို့ တခြားတော့မဟုတ်ပါဘူး ကိုယ်ပိုင် ဒိုင်ယာရီ တစ်အုပ်လိုသဘောထား စိတ်ထင်တိုင်းကြဲထားမှာဖြစ်တဲ့အတွက်ပါ။
ခုတော့ ဗိုက်ကလဲ အတော်စာ နေ့လည် တစ်နာရီကလဲ ခွဲတော့မှာမို့ ပထမဦးဆုံး ဦးဦးဖျားဖျား POST ကိုဒီလိုလေးပဲ တင်လိုက်ပါရစေ။  (Post ကလဲ တင်ချင်လှပြီဆိုတော့လေ)

2 comments:

  1. ခေတ်မီအောင် ဘလော့ခ်လေး ဘာလေးရေးဦးမှပါပဲ။

    ReplyDelete
  2. ဟီးဟီး ရောက်လာတယ်လား ရှက်လို့ပြောတောင်မပြောဘူး လျှောက်ရေးထားတာဆိုတော့ :P

    ReplyDelete

Related Posts Plugin for WordPress, Blogger...