Monday, June 06, 2011

Without You

 

အကြိုက်ဆုံး သီချင်းတွေထဲက တစ်ပုဒ် ပါ။ Hinder ဆိုထားတာပါ။ သရုပ်ဆောင်ထားတဲ့ မင်းသား ရော မင်းသမီး ရောကို ကြိုက်သလို ရိုးရိုးလေး ရိုက်ထားတဲ့ သီချင်း နောက်ခံဇာတ်လမ်းကိုလဲကြိုက်ပါတယ်။ မကြာမကြာသွားကြည့်မိတဲ့ Youtube Video Clip လေးဖြစ်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်တာလေးတွေကိုမှတ်တမ်းတင်ထားမယ်လို့ အစထဲကရည်ရွယ်ထားတဲ့အတွက် ဘာရယ်မဟုတ်ဘူး Blog မှာတင်ထားလိုက်တာပါ။ နောက်ကြာလို့ ပြန်ကြည့်တဲ့အခါမှာလဲ ကြိုက်ချင်မှလဲကြိုက်မယ်။ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားတဲ့အခါမှပြန်ကြည့်ရင် ဪ...အရင်ကငါကြိုက်တဲ့ သီချင်းလေးပါလား.. ဆိုပြီး ပြန်သတိရရတာကို ကြိုက်ပါတယ်။

1 comment:

  1. Without you ဆိုလို့။ Wihtout me ကြတော့ ရယ်ရတယ်။ အမ်မီနမ်။
    http://www.youtube.com/watch?v=YVkUvmDQ3HY

    Without You ကတော့ စာသားက လွမ်းစရာကြီးမလို့ သိပ်နားမထောင်ဖြစ်ဘူး။

    I just wanna be alone tonight
    ငါဒီညတော့ အလုံးအတိုင်းနေလိုက်မယ်။

    I just wanna take a little breather
    ငါ အနားနည်းနည်းယူမယ်။

    'Cause lately all we do is fight
    အခုတလော ငါတို့လုပ်ဖြစ်နေတာက စကားများရန်ဖြစ်တာတွေပဲ။

    And every time it cuts me deeper
    ရန်ဖြစ်တိုင်း (စိတ်အနာတရဖြစ်မှုတွေဟာ) ပိုပြီးနက်အောင် (ဓားနဲ့)လှီးနေသလိုပဲ။

    ပြီးတော့ ဟုတ်သလိုလိုနဲ့။
    It's safe to say that I'm ready to let you leave
    I'm fine without you
    We were never meant to be together ဆိုပြီး ငိုသံပါကြီးနဲ့ဆိုနေတာ ၀မ်းနည်းစရာကောင်းတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...