ဘလော့ မဝင်တာလဲ ကြာပြီ အကြောင်းကတော့ပျင်းနေတာနဲ့ဘာဆိုဘာမှရည်ရည်လည်လည် မလုပ်ဖြစ်ပါဘူး။ တနေ့တနေ့ ရေတောင်မနည်းချိုးနေရတာ။ ဒီကြားထဲ ဝက်သက်ကလဲပေါက်သေးတယ်။ သိပ်စိတ်ညစ်တာပဲ အသက်ကြီးမှပြန်ပေါက်ရတယ်လို့။ ငယ်ငယ်တုန်းကလဲ တခါ အသေအလဲ ပေါက်ပြီးသားကို။ မှတ်မှတ်ရရ ဂတုံးတောင်တုန်း လိုက်ရသေးတယ်။ ခေါင်းတွေထဲအထိပေါက်လို့။ ခုတော့အဲလောက်လဲ မများပါဘူး။ အဖျားကလဲအဲတုန်းကလောက်မကြီးဘူး။ စလုံးက ဆရာဝန်တွေကလဲ သဘောတော့ကောင်းရှာပါတယ်။ တကယ်နေမကောင်းမှန်းသိတော့ အမ်စီကို သုံးရက် နှစ်ခါ ခွဲပေးတယ်။ ဒါနဲ့ပျော်ပျော်ကြီးပဲ အမ်စီတွေကို ကျေကျေနပ်နပ်ကြီး ယူပြီးဇိမ်ခံနေတယ် ဆိုပါတော့။
ပြီးခဲတဲ့စနေနေ့ထဲကပေါက်လိုက်တာ ဖြစ်ချင်တော့ အကောင်တကောင်ကောင် စော်လိုက်တယ်ထင်ပြီး ကုပ်ကောင်းကောင်းနဲ့ ကုပ်နေခဲတယ်။ တင်္နလာ အဂါင်္ တောင်ရုံးသွားပြီး ပျင်းလိုက်သေးတယ်။ ဗုဒ္ဓဟူးနေ့မနက်ရောက်တော့ ရုံးရောက်တာနဲ့ ချိုင်းနားက တလုပ်တကောင်က သူ့ကို SIT Testing လုပ်ခိုင်းတာ System အကြောင်း ဘာဆိုဘာမှမသိပဲ လာရစ်နေတာနဲ့ စိတ်တွေရှုပ်စိတ်တွေညစ် ဘုတွေလဲပိုယားလာသလိုခံစားရတယ်။ ဒါနဲ့ပဲ ရုံးကဆေးခန်းမပိတ်ခင် (ရုံးကဆေးခန်းက ၁၂ နာရီဆိုပိတ်ပြီ) အမြန်လေးလစ်ပြေးလာပြီး ဆရာဝန်နဲ့ပြတော့ ဆရာဝန်ကလဲ ဒါ chicken pox ဖြစ်နိုင်တယ် ဆိုပြီး အမြန်အိမ်ကိုပြန်ခိုင်းပါတယ်။ အဲအချိန်မှာ အဖျားကလဲ ရှိနေတယ်တဲ့ အံ့ပါ့ အရင် နည်းနည်းပါးပါးများ ဖျားချင်နာချင်ရင်တောင် သူမတူအောင်ငြီးတတ်တဲ့သူမှာ ဖျားနာနေတာမသိဘူးဆိုတာ တသက်မှာတခါ ကြုံတောင့်ကြုံခဲပါ။ လက်ရှိအခြေအနေ အရဒါအကောင်းဆုံးပဲဆိုပြီး အဲတုန်းကတော့ ရတဲ့အမ်စီလေးကိုင်ပြီး မန်နေဂျာသွားပြတာပေါ့။ မန်နေဂျာကလဲ သူ့ကူးမှာစိုးလို့လာမသိပါဘူး။ အဖုနီနီတွေ မြင်တယ်ဆိုတာနဲ့ အမ်စီတွေဘာတွေမလိုပါဘူး။ လိုသလောက် အိမ်မှာနေ အိမ်ကနေ အလုပ်လုပ်နိုင်တယ် ဆိုပြီး ပြောတော့တာပဲ။ ကြုံကြုံသမျ ဝမ်းသာစရာတွေကြည့်လိုကိုဖစ်နေတော့တာပဲ ဟီးဟီး။
အဲအစက ယားရုံယားတာဆရာဝန် ပေးတဲ့ဆေးသောက်ပြီးမှ အိပ်ယာပေါ် ဘုန်းဘုန်းလဲတာကလဲ စဉ်းစားစရာ။ ခုတော့ အဖျားလဲကျ အယားလဲပြေသလောက်တော့ ရှိနေပါပြီ။ စိတ်ညစ်စရာကခုမှစမှာပါ။ ပစ်ထားခဲတဲ့ အလုပ်တွေကလဲ တောင်လိုယာလိုပုံနေပါပြီ။ ထွက်ထားတဲ့ အနီဘုတွေ နေရာမှာလဲ အမည်းဘုတွေအဖြစ် အသွင်ပြောင်းချင်နေပါပြီ။ နဂိုထဲကမှ မဖြူတဲ့အသား ခုတော့ အညိုစက်အမည်းစက်တွေနဲ့ ရုပ်ဆိုးတော့မှာပဲ တွေးရင်းနဲ့တောင်ငိုချင်လာမိတယ် ဟင့်။ ဒါ့အပြင် အာဘုတီ အာဘုတီ ရိုက်ချင်စရာလေးပါ။ ဒီလောက် စနေ တင်းဂွေ အပါအဝင် ကိုးရက်လောက် အိမ်မှာနားနေရတာကို တစ်နေ့တစ်နေ့ နှစ်ဆယ်လေးနားရီ ကိုဘယ်လိုများသုံးပစ်လဲ ကိုယ့်ဟာကိုတောင် အံ့ဩတယ်။ ဘီဒိုလေးရှင်းမယ် အခန်းလေးရှင်းမယ် မှန်တင်ခုံလေးရှင်းမယ် စာလေးဖတ်မယ် စာလေးရေးမယ် နဲ့ချိန်လိုက်တာတော့စုံနေတာပဲ ပြီးတော့လဲ အချိန်တွေသာကုန်သွားတယ်။ ဘာမှလဲ မလုပ်ဖြစ်ဘူး။ သေချာပါတယ်။ အပျင်းရောဂါကတော့ ကြီးမားစွာစွဲကပ်နေပါပြီ။ ဪတခုတော့ လုပ်ဖြစ်ပါတယ်။ ဒါကလဲ အချစ်တော် ကိုကိုဒီ အကူအညီနဲ့ အိုင်ဖုန်း ဂျေးဘရိတ် ဗာရှင်းအသစ် တင်ပြီး အသေထိုင်စော့ချင်း အလုပ်ပါပဲ။ ပြီးတော့ ဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့ ကိုယ့်မျက်နှာကို ဓာတ်ပုံ ရိုက် ဖရိန် ထဲ့ နဲ့ အမျိုးမျိုး စော့နေခြင်းပါပဲ။ စော့ထားတဲ့ပုံ ဘလော့မှာတင်ရင်ကောင်းမလား စဉ်းစားလိုက်ပါဦးမယ်။ :D
ဆော့တယ်တော့ လုပ်လိုက် ဘူးသီး..
ReplyDeleteစာလုံးပေါင်း မှားတွားတယ် hh
ReplyDeleteဂျေးဘရိတ်အကြောင်း ရေးပါဗျ
ReplyDelete